Thursday, March 5, 2009

ဧရာဝတီစာသင်ကျောင်း





အမေရိကန်နိုင်ငံသား lucas william henry စာသင်ပေးနေစဉ်

ဧရာဝတီစာသင်ကျောင်းတွင်အမေရိကန်နိုင်ငံသားlucas William Henry စာသင်ကြားနေစဉ်

အမေရိကန်နိုင်ငံသားမှစာသင်ကြးနေစဉ်

တံဆိပ်

လက်ပတ်များနှင့်ဒုက္ခသည်များ


Wednesday, March 4, 2009

လက်ပတ်များနှင့်အတူ

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရန်UNHCR တံဆိမ်ပါလက်ပတ်များတပ်ဆင်ခံထားရသည့်ဗုဓ္ဒသားတော်များ

Tuesday, March 3, 2009

တံဆိပ်ကပ်ခံရသည့်နေ့

တံဆိပ်ကပ်ခံရသည့်နေ့

ဖိနှိပ်ရက်စက်
လူမဆန်ချက်များ
မတရားခံနေရ
ပြည်သူတွေဘဝ
ကြည့်ကြစမ်းပါ
ဘာသာစုံ
လူမျိုးစုံ
စုရုံးနေကြပုံက
ပျော်နေကြခြင်းမဟုတ်
တုတ်တကားကား
အော်သံအများအပြား
ကြားလား
စကားမများနဲ့
တည့်တည့်ထိုင်
မဆိုင်သူမကပ်နဲ့
မိန်းမနဲ့ယောက်ျား
ခွဲထားတာ
ဒီဘက်မလာနဲ့
ပြောတဲ့စကား
နားမလည်ဘူးလား
အော်လားငေါက်လား
အများအကြား
ခံစားနေရဘဝ
ဒီနေံကစ
တံဆိပ်ကပ်ခံရ
မိန်းမသားအနီရောင်လေးများ
ယောက်ကျားအဖြူရောင်များ
လက်ပတ်ကလေးများနဲ့ဘဝ
နိုင်ငံအတွင်းကထွက်ပြေးရ
တပါးနိုင်ငံထဲခိုးဝင်ရ
နိုင်ငံရေးအရ
လူမှုရေးအရ
စစ်ဘေူးအရ
စီးပွားရေးအရ
ဘ၀အခက်အခဲ
ဇာတိလဲစွန့်ရ
တရားခံကစစ်အစိုးရ
ကလေးကအစ
ဘိုးဘွားအဆုံး
လူဖြစ်ရှုံးရတဲ့ဘဝ
ကမ္ဘာတည်သမျှ
စစ်အစိုးရအာဏာရှင်ကို
ကမ္ဘာကြေလို့မရ။ ။



ထင်ကျော်(ဧရာဝတီ)

နှလုံးသွေးမှသံဓိဌာန်

နှလုံးသွေးမှသံဓိဌာန်
တို့နိုင်ငံရဲ့
ပေတရာနဲ့မြေလျွှာတွေရဲ့အပေါ်မှာ
စိမ်းလဲ့လဲ့မျက်ခင်းပြင်တွေရဲ့အပေါ်မှာ
အနာဂတ်ပျိုးခင်းမြေတွရဲ့အပေါ်မှာ
ကန်ရေ
ချောင်းရေ
မြစ်ရေပြင်တွေရဲ့အပေါ်မှာ
သွေးဆာနေတဲ့
စစ်ဘီလူးတွေရဲ့လက်ချက်နဲ့
အသက်မဲ့အလောင်းတွေ
ချောင်းစီးနေတဲ့
သွေးနီရဲရဲတွ
သွေးပွက်ဒဏ်ရာတွေနဲ့
လဲပျိုနေသူတွေ
ဘုရား
တံတား
နံရံများစွာမှာ
သွေးစအသားစ
သွေးစက်သွေးကွက်တွေ
မသေမရှင်
မီးလောင်တိုက်အသွင်းခံရလို့
သင်္ဂြုလ်စက်အတွင်းက
ခံပြင်းအံကြိတ်သံတွေ
နာကျည်းမာန်တင်း
စီးဆင်းနေတဲ့မျက်ရည်ပူတွေ
ဒါတွေကို
ဘယ်လိုမေ့မလဲ
ဘယ်လိုဖြေမလဲ
ဘယ်လိုခြေမလဲ
သွေးချောင်းပေါ်မှာနင်း
ခင်းထားတဲ့အလောင်းတွေပေါ်ကဖြတ်
ကမ္ဘာ့တနေရာရာမှာရပ်
ဖြတ်ခဲ့ခရီးလမ်းကိုမေ့
ကိုယ့်ဘ၀ကိုယ်ရှေ့ရှု
လွတ်လပ်မှုကိုအရယူ
ဘ၀တူတွေထက်သာ
ရနေတဲ့နေရာ
ရနေတဲ့အသပြာ
ဒါတွေဟာ
ဘယ်သူတွေစတေးခဲ့တာလဲ
ဘယ်သူတွေပေးခဲ့တာလဲ
ကိုယ်ကျိုးအတွက်သာသုံး
ဆွေမျိုးအတွက်သာသုံး
နိုင်ငံကိုစုန်းစုန်းမှမကြည့်
နာကျည်းချက်မရှိသလို
ဒီလိုလူတချို့ကို
မေးကြည့်ချင်လိုက်တာ
တာဝန်ကျေခဲ့ကြပြီလား
အားလုံး
ရှစ်လေးလုံးရဲ့
အဖြစ်အပျက်အားလုံးကို
မေ့လို့ရသလား
ဖြေလို့ရသလား
ခြေလို့ရသလား
လွန်ခဲ့တဲ့
၂၀နှစ်ရဲ့အဖြစ်အပျက်
ကျောင်းသားတွေရဲ့အသက်
သံဃာတွေရဲ့အသက်
တိုင်းရင်းသားတွေရဲ့အသက်
ပြည်သူတွေရဲ့အသက်
အနာဂတ်မနက်တွေကို
ရက်ရက်စက်စက်
ဖျက်ဆီးခြေမွခံခဲ့ရတဲ့ရက်
ကမ္ဘာမကြေ
ဥဒါန်းမကြေတဲ့ရက်
အဖေရေ
အမေရေ
သားရေ
သမီးရေ
နှလုံးသွေးကတမ်းတ
အာပါးတရလှိုက်အော်
အော်ခေါ်ချင်လိုက်တာ
ဘယ်သူလာထူးမလဲ
ဘယ်လိုပြန်ထူးမလဲ
ဘယ်နေရာမှာလဲ
ဘယ်တော့ပြန်တွေ့ရမှာလဲ
သေကွဲတွေလဲကွဲ
ရှင်ကွဲတွေလဲကွဲ
နိုင်ငံထဲမှာလဲမနေရ
ထောင်တွေထဲမှာဘဲနေရ
ဇာတိမြေနဲ့လဲဝေးရ
အသက်တွေဘ၀တွေ
အစိတ်စိတ်အမွှာမွှာခွဲခြေခံခဲ့ရတဲ့ဘဝ
ဒါတွေကို
မေ့လို့ရသလား
ဖြေလို့ရသလား
အသက်များစွာသေ
ဘ၀များစွာကြေ
အနာဂတ်ရက်တွေ
ကြေမွခဲ့ကြရ
အာဏာရှင်တို့ကရက်စက်
်လူစိတ်မဲ့သူတို့ရဲ့လက်ချက်
တို့ယုံကြည်ချက်
ငြိမ်သက်လို့ငုံ့မခံ
တော်လှန်ရေးခရီးဆက်
လက်တွေကိုခိုင်ခိုင်တွဲ
ပြည်သူတို့တိုက်ပွဲ
မဆုတ်တမ်းဆင်နွဲ
ဒီမိုကရေစီအောင်ပွဲအတွက်
အမျိုးဖျက်တွေကိုသုတ်သင်
အာဏာရှင်မှန်သမျှ
မျိုးစေ့ကမချန်
အမြစ်ပါမချန်ဖယ်ရှား
သွေးအသက်စတေး
တော်လှန်ရေးအာဇာနည်တွေအတွက်
အနာဂတ်လင်းလက်
တို့မျိုးဆက်တွေအတွက်
ရှစ်လေးလုံးရည်မှန်းချက်
ဒီမိုကရေစီအောင်ပွဲအတွက်
တို့အသက်မငဲ့အရယူမယ်
တို့လက်နဲ့အရယူမယ်၊ ၊


ထင်ကျော်(ဧရာဝတီ)

Monday, March 2, 2009

ထမင်းလက်ဆုံစကားဝိုင်း

ထမင်းမိတ်ဆုံစကားဝိုင်း
အဝေးရောက်ဧရာဝတီ(နို့ဖိုး)စာသင်ကျောင်းတွင်အမေရိကန် နိုင်ငံမှရောက်ရှိလာသည့်ဇနီးမောင်နှံနှစ်ဦးမှ ဧရာဝတီစာသင်ကျောင်းအားလာရောက်လေ့လာရန်ဖိတ်ခေါ်၍ မိတ်ဆုံ မြန်မာထမင်းဟင်းဖြင့် အတူစားသောက်ကြသည်။

မြန်မာထမင်းဟင်းအားအတူစားသောက်ပြီးစာသင်ကျောင်းအားလေ့လာ၍ စာပေသင်ကြားပေးလိုကြောင်းဆွေး နွေးပြောကြားသွားခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိမြန်မာနိုင်ငံသားများပညာရည်မြင့်မားစေရန်အဝေးရောက်ဧရာဝီအသင်းမှဆောင်ရွက် လျက် ရှိရာ ၀ါသနာပါသူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
နို့ဖိုးအသင်းခွဲ(ထိုင်းမြန်မာနယ်စပ်)

ဖြေရင်အောင်ရမည်ပြိုင်ရင်နိုင်ရမည်ဧရာဝတီ


ဲပြိုင်ပွဲဝင်ပြီဧရာဝတီ

နို့ဖိုးရှိ အဝေးရောက်ဧရာဝတီအသင်းအင်္ဂလိပ်စာသင်တန်းကျောင်းမှ ကျောင်းသူကျောင်းသား များ သည် ZOA မှ ဦးစီးပြုလုပ်သည့် Role play ပြိုင်ပွဲတွင် အဂ်လိပ်စကားပြောဇာတ်လမ်းဖြင့် ၀င်
ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ကျောင်းပေါင်း ၈ ကျောင်းမှ ကျောင်းသူကျောင်းသားများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင်အဝေးရောက်ဧရာဝတီ(နို့ဖိုး) စာသင်ကျောင်းမှ ဒုတိယဆုရရှိခဲ့သည်။ ပထမဆုအား ZOA ကျောင်းမှရရှိခဲ့သည်။


နို့ဖိုးအသင်း(ထိုင်းမြန်မာနယ်စပ်)



Overseas Irrawaddy Association Spoken English class



အဝေးရောက်ဧရာတီအသင်း အင်္ဂလိပ်စကားပြောစာသင်ကျောင်းမြင်ကွင်း

အဝေးရောက်ဧရာဝတီအသင်း(နို့ဖိုး)စာသင်ကျောင်းမြင်ကွင်း

အဝေးရောက်ဧရာဝတီအသင်း(နို့ဖိုး)စာသင်ကျောင်း
စာသင်ကျောင်းကျောင်းသူကျောင်းသားများအင်္ဂလိပ်စာသင်ကြားလျက်ရှိရာ ၂.၃.၂၀၀၉နေ့တွင်ရေးဖြေစာ
မေး ပွဲစစ်ဆေးနေသည်ကိုတွေ့ ရှိရသည်။

စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသား ၁၂၀ ယောက်ရှိပြီးဆရာ ၃ ဦးမှ တန်းခွဲ ၅ ခုဖြင့်သင်ကြားပေး လျက်ရှိပါသည်။

စာသင်ကြားနိုင်ရန် အဝေးရောက်ဧရာဝတီအသင်းဝင်များ၊အသင်းမိတ်ဆွေများ၊ ပြည်ပရောက် အသင်းဝင်များ၊ ပြည်ပရောက်အသင်းမိတ်ဆွေများမှ ထောက်ပံ့ကုညီပေးလျက်ရှိပါသည်။
စေတနာရှင်မည်သူမဆိုစာသင်ကြားမှုအတွက်ထောက်ပံ့ကူညီနိုင်ပါသည်။
နို့ဖိုးအသင်းခွဲ(ထိုင်းမြန်မာနယ်စပ်)