Tuesday, March 3, 2009

နှလုံးသွေးမှသံဓိဌာန်

နှလုံးသွေးမှသံဓိဌာန်
တို့နိုင်ငံရဲ့
ပေတရာနဲ့မြေလျွှာတွေရဲ့အပေါ်မှာ
စိမ်းလဲ့လဲ့မျက်ခင်းပြင်တွေရဲ့အပေါ်မှာ
အနာဂတ်ပျိုးခင်းမြေတွရဲ့အပေါ်မှာ
ကန်ရေ
ချောင်းရေ
မြစ်ရေပြင်တွေရဲ့အပေါ်မှာ
သွေးဆာနေတဲ့
စစ်ဘီလူးတွေရဲ့လက်ချက်နဲ့
အသက်မဲ့အလောင်းတွေ
ချောင်းစီးနေတဲ့
သွေးနီရဲရဲတွ
သွေးပွက်ဒဏ်ရာတွေနဲ့
လဲပျိုနေသူတွေ
ဘုရား
တံတား
နံရံများစွာမှာ
သွေးစအသားစ
သွေးစက်သွေးကွက်တွေ
မသေမရှင်
မီးလောင်တိုက်အသွင်းခံရလို့
သင်္ဂြုလ်စက်အတွင်းက
ခံပြင်းအံကြိတ်သံတွေ
နာကျည်းမာန်တင်း
စီးဆင်းနေတဲ့မျက်ရည်ပူတွေ
ဒါတွေကို
ဘယ်လိုမေ့မလဲ
ဘယ်လိုဖြေမလဲ
ဘယ်လိုခြေမလဲ
သွေးချောင်းပေါ်မှာနင်း
ခင်းထားတဲ့အလောင်းတွေပေါ်ကဖြတ်
ကမ္ဘာ့တနေရာရာမှာရပ်
ဖြတ်ခဲ့ခရီးလမ်းကိုမေ့
ကိုယ့်ဘ၀ကိုယ်ရှေ့ရှု
လွတ်လပ်မှုကိုအရယူ
ဘ၀တူတွေထက်သာ
ရနေတဲ့နေရာ
ရနေတဲ့အသပြာ
ဒါတွေဟာ
ဘယ်သူတွေစတေးခဲ့တာလဲ
ဘယ်သူတွေပေးခဲ့တာလဲ
ကိုယ်ကျိုးအတွက်သာသုံး
ဆွေမျိုးအတွက်သာသုံး
နိုင်ငံကိုစုန်းစုန်းမှမကြည့်
နာကျည်းချက်မရှိသလို
ဒီလိုလူတချို့ကို
မေးကြည့်ချင်လိုက်တာ
တာဝန်ကျေခဲ့ကြပြီလား
အားလုံး
ရှစ်လေးလုံးရဲ့
အဖြစ်အပျက်အားလုံးကို
မေ့လို့ရသလား
ဖြေလို့ရသလား
ခြေလို့ရသလား
လွန်ခဲ့တဲ့
၂၀နှစ်ရဲ့အဖြစ်အပျက်
ကျောင်းသားတွေရဲ့အသက်
သံဃာတွေရဲ့အသက်
တိုင်းရင်းသားတွေရဲ့အသက်
ပြည်သူတွေရဲ့အသက်
အနာဂတ်မနက်တွေကို
ရက်ရက်စက်စက်
ဖျက်ဆီးခြေမွခံခဲ့ရတဲ့ရက်
ကမ္ဘာမကြေ
ဥဒါန်းမကြေတဲ့ရက်
အဖေရေ
အမေရေ
သားရေ
သမီးရေ
နှလုံးသွေးကတမ်းတ
အာပါးတရလှိုက်အော်
အော်ခေါ်ချင်လိုက်တာ
ဘယ်သူလာထူးမလဲ
ဘယ်လိုပြန်ထူးမလဲ
ဘယ်နေရာမှာလဲ
ဘယ်တော့ပြန်တွေ့ရမှာလဲ
သေကွဲတွေလဲကွဲ
ရှင်ကွဲတွေလဲကွဲ
နိုင်ငံထဲမှာလဲမနေရ
ထောင်တွေထဲမှာဘဲနေရ
ဇာတိမြေနဲ့လဲဝေးရ
အသက်တွေဘ၀တွေ
အစိတ်စိတ်အမွှာမွှာခွဲခြေခံခဲ့ရတဲ့ဘဝ
ဒါတွေကို
မေ့လို့ရသလား
ဖြေလို့ရသလား
အသက်များစွာသေ
ဘ၀များစွာကြေ
အနာဂတ်ရက်တွေ
ကြေမွခဲ့ကြရ
အာဏာရှင်တို့ကရက်စက်
်လူစိတ်မဲ့သူတို့ရဲ့လက်ချက်
တို့ယုံကြည်ချက်
ငြိမ်သက်လို့ငုံ့မခံ
တော်လှန်ရေးခရီးဆက်
လက်တွေကိုခိုင်ခိုင်တွဲ
ပြည်သူတို့တိုက်ပွဲ
မဆုတ်တမ်းဆင်နွဲ
ဒီမိုကရေစီအောင်ပွဲအတွက်
အမျိုးဖျက်တွေကိုသုတ်သင်
အာဏာရှင်မှန်သမျှ
မျိုးစေ့ကမချန်
အမြစ်ပါမချန်ဖယ်ရှား
သွေးအသက်စတေး
တော်လှန်ရေးအာဇာနည်တွေအတွက်
အနာဂတ်လင်းလက်
တို့မျိုးဆက်တွေအတွက်
ရှစ်လေးလုံးရည်မှန်းချက်
ဒီမိုကရေစီအောင်ပွဲအတွက်
တို့အသက်မငဲ့အရယူမယ်
တို့လက်နဲ့အရယူမယ်၊ ၊


ထင်ကျော်(ဧရာဝတီ)

No comments: