Saturday, October 31, 2009

ဒါတွေလုပ်ပြီ

အဝေးရောက်ဧရာူဝတီအသင်း(နို့ဖိုး)မှ စာသင်ကြာားမှုအပြင်
ကျောင်းူးသူကျောင်းသားများအား
ပူးပေါင်းဆောင်ရွက်တက်ရန်
ကျန်းမာရေးအထောက်အကူပြုစေရန်
ကိုယ်ပိုင်ယုံကြည်စိတ်ခိုင်မာစေရန်
အသင်းရည်ရွယ်ချက်နှင့်အညီ

ဘောလုံးကစားခြင်း
ကြက်တောင်ရိုတ်ခြင်း
ဘတ်စကက်စကားခြင်းတို့အတွက်

အသင်းများဖွဲ့စည်းစကားလျက်ရှိပါသည်

ရင်သွေးငယ်များအားဝိုင်းဝန်းကူညီနိုင်ပါသည်

Sunday, May 24, 2009

အနာဂတ်မျှော်ရည်ဧရာဝတီစာသင်ကျောင်း

အဝေးရောက်ဧရာဝတီအသင်း(နို့ဖိုး)စာသင်ကျောင်းတွင်အင်္ပလိပ်စကားပြောသင်တန်းကျောင်း
အားဖွင့်လှစ်သင်ကြားပေးလျက်ရှိရာကျောင်းသူကျောင်းသား(၁၅၀)ကျော်တက်ရောက်သင်ကြားလျက်ရှိသည်။
နို့ဖိုးစခန်းတွင်နေထိုင်သူ(၁၈၀၀၀)ကျော်ရှိရာ (၆၀၀၀)ကျော်ခန့်သည်တတိယနိုင်ငံသို့ပြောာင်းရွေ့
အခြေခြနေထိုင်ရန်စောင့်ဆိုင်းနေကြသူများဖြစ်ပြီး ကျန်သူများမှာအမိနိုင်ငံ စစ်ကျွန်ဘ၀မှလွတ်မြောက် ချိန်တွင် ဇာတိနေရပ်တွင် ပြန်လည်နေထိုင်ရန်စောင့်ဆိုင်းနေကြသူများဖြစ်ကြသည်။
မျိုးဆက်များဘ၀တွင်နိုင်ငံပြန်လည်ထူထောင်ရာတွင် အသိပညာ အတတ်ပညာ များဖွင့်ဖြိုးသည့်
လူငယ်များမှ နိုင်ငံတည်ဆောက်ရာတွင် တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန် ဧရာဝတီကျောင်းမှ
အင်္ပလိပ်စာ သင်ကြားပေးနေခြင်းဖြစ်သည်။
နို့ဖိုးဧရာဝတီစာသင်ကျောင်းသည် လူမှုရေးစိတ်ဝင်စားသူများပူးပေါင်းဖွဲ့စည်းထားသောစာသင် ကျောင်းဖြစ်ပါသည်။ စာသင်ကြားမှုအတွက် အဝေးရောက် ဧရာဝတီအသင်းဝင်များ အသင်းမိတ်ဆွေ များမှ ၀ိုင်းဝန်းထောက်ပဲ့ကူညီလျက်ရှိပါသည်။ အသင်းတွင်စာသင်ကြားရန်အတွက် သင်ထောက်ကူ ပစ္စည်းးများ စာရေးခုံများ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာပေများ များစွာလိုအပ်လျက်ရှိပါသည်။
စေတနာရှင်များမှကလေးငယ်များနာဂတ်ဘ၀အတွက်ပါဝင်ကူညီကြပါရန်ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်ရန်။

kyawmyintsweoia@gmail.com
komaung88@gmail.com
ဧရာဝတီကျောင်းမှ အင်္ပလိပ်စာ သင်ကြားပေးလျက်ရှိရာသင်တန်းဆရာများမှာ
၁။ ဦးသန်းလွင်
၂။ ဦးရှိန်းမြတ်
၃။ ဦးထွန်းစစ်အောင်
၎။ ဒေါ်ရွှေဇံ တို့ဖြစ်ကြပါသည်။
သင်တန်းများမှာ

1. Beginner
2.Basic Grammar
3. Elementary
4.Intermediate
5.Speaking တို့ဖြစ်သည်။


တက်ရောက်သောကျောင်းသူကျောင်းသားများစာရင်း


Basic Grammar
Time 14:30 to 15:30
16:00 to 17:00
17:15 to 18:15

N0 NAME GENDAR AGE LEVEL ADDRESS
1 ZIN MAR WAI F 26 BASIC GRAMMER N0.670/B SECTION 16/B
2 MAW MAW AUNG F 32 " NO.714 SECTION 16/B
3 AMY F 14 " NO.657 SECTION 16/B
4 JAW SAYE F 21 " NO.430 SECTION 16/B
5 GAW SAR MAW M 15 " NO.430 SECTION 16/B
6 K ZIN F 20 " NO.343 SECTION 16/A
7 SAN SAN MYIT F 14 " NO.427 SECTION 16/B
8 FEBREGAS M 15 " NO.618 SECTION 16/B
9 MICHEL M 12 " NO.413 SECTION 16/B
10 KIT S NI F 19 " NO.472 SECTION 16/B
11 ALEXANDRA F 14 " NO.472 SECTION 16/B
12 NYI PU M "
13 YAMAN F 26 " NO.476/B SECTION 16/B
14 BLENDA M 23 " NO.36/A SECTION 14
15 HLA MYINT M 25 " NO723 SECTION 16/B
16 MOE SAN M 27 " NO723 SECTION 16/B
17 THEIN WIN M 35 " NO432/B SECTION 16/B
18 WAIT YI F 26 " NO.486 SECTION 16/B
19 FLORA F
20 SAW YU NWE F
21 WIN MAUNG M 41 " NO.486 SECTION 16/B
22 SU YI F 42 " NO20 SECTION 9
23 THAN THAN HTAY F
24 MOE SET M 19 " NO.466/B SECTION 16/B
25 MAN HTWAY M 28 " NO.466 SECTION 16/B
26 ZIN KHAING THIN F 13 " NO.677 SECTION 16/B
27 AUNG MIN THU M 13 " NO.747 SECTION 16/B
28 POUNT POUNT F 25 " NO.652 SECTION 16/B
29 MYINTMYATYANNOUNG M 12 " NO.653 SECTION 16/B
30 SUMYATMYINTMO F 12 " NO.653 SECTION 16/B
31 THAL SU F 24 " NO.447 SECTION 16/B
32 TAY ZAR M 26 " NO,447 SECTION 16/B
33 ATAR M " NO.
34 INLOONMAN F 26 " NO.623 SECTION 16/B
35 MOE TOUT M 22 " NO.435 SECTION 16/B
36 ZAN ZA MON M 20 " NO.435 SECTION 16/B
37 NAN MON F 25 " NO.435 SECTION 16/B
38 MYO ZAW MIN M 15 " NO.368 SECTION 16/A
39 THAN TAR KYAW F 27 " NO.713 SECTION 16/B
40 MIN YAR ZAR M 19 " NO.128 SECTION 7
41 MIN THWIN OO M 20 " NO.129 SECTION 7
42 THAN ZAW M 19 " NO.15/B SECTION 1
43 SAI THU YA SOE M 36 " NO.
44 TINT NAING WIN M 24 " NO.668 SECTION 16/B
45 MOE Z M " NO.705 SECTION 16/B
46 NYI NYI M 16 " NO.352 SECTION 16/B
47 MA TU PO F 21 " NO.319 SECTION 16/B
48 Z F 18 " NO.311 SECTION 16/B
49 MA THI RI F 17 " NO.313 SECTION 16/B
50 YET SHO THAR F 22 " NO.573 SECTION 16/B
51 MA HLA YEE F " NO.612 SECTION 16/B
52 HAIN MYAT TUN M " NO.612 SECTION 16/B
53 THAN TAR F " NO.129 SECTION 14
54 POE PHYU F " NO.129 SECTION 14
55 MYO MIN AUNG M " NO.129 SECTION 14
56 PYAE PYAE F " NO.129 SECTION 14
57 SU MYAT NAING F " NO. SECTION
58 LIN LIN M " NO.612 SECTION 16/B
59 KYAW KYAW M " NO. SECTION
60 KHING PYAE PHYO M " NO.129 SECTION 14
61 KO HTWAY M " NO.129 SECTION 14
62 MIN MIN NAING M " NO. SECTION
63 NYI NYI M " NO. SECTION
64 AYE MYINT F " NO. SECTION
65 JULIOUS F " NO. SECTION
66 MOE MOE LWIN F " NO. SECTION
67 ZUN PWINT PHYU F " NO. SECTION
68 ELIZABETH F 19 " NO.673/C SECTION 16/B
69 PAWN KHO HTAN M 16 " NO.673/C SECTION 16/B
70 NU LUN F 29 " NO.673/D SECTION 16/B
71 STEPHEN M 22 " NO.365/C SECTION 16/B
72 OHAN MAR OO F " NO. SECTION
73 TUN LIN OO M 15 " NO.404 SECTION 16/A
74 AUNG KYAW HAIN M 13 " NO.404 SECTION 16/A
75 AUNG ZAY YA M " NO. SECTION
76 MYO THANT M " NO. SECTION
77 AUNG TIN M " NO. SECTION
78 SAUNG CHWE YAN F " NO. SECTION
79 NGAL NGAL F " NO. SECTION
80 ALISON F " NO. SECTION
81 ANGELINA F " NO. SECTION
82 GEORGE M " NO. SECTION
83 ZAW PHYO LET M " NO. SECTION
84 NYI PHYO HTWAY M " NO.447 SECTION16/A
85 AUNG KO KO OO M 22 " NO.447 SECTION 16/A
86 MIN MIN M " NO.
87 MIN HTAW MON M 19 " NO.347 SECTION 16/A
88 MIN WONNA M 16 " NO.347 SECTION 16/A
89 MI MON LAY F 28 " NO.347 SECTION 16/A
90 OHAN MAR THAN F 43 " NO.658 SECTION 16/B
91 YEE YEE MIN F 27 " NO.486 SECTION 16/B
92 MYATPHYOPHYOSHEIN F " NO. SECTION
93 SAW AUNG NAING M 18 " NO. SECTION 7
94 SAW DAR PHAW M 16 " NO. SECTION 7
95 TUN TUN OO M 21 " NO.4 SECTION 2
96 KYAW ZIN M 26 " NO.484 SECTION 16/B
97 NWE NWE F 26 " NO.484 SECTION 16/B
98 WA THAN SOE F 23 " NO.471 SECTION 16/B
99

အနာဂတ်မျှော်ရည်ဧရာဝတီစာသင်ကျောင်း

Friday, May 8, 2009

မနက်

မင်းအတွက်
စေတနာသက်သက်
မေတ္တာလက်တွေနဲ့ကူညီခဲ့စဉ်က
ခံစားမှုရမှာက
အကျိုးအမြတ်ရှိမှာက
မင်းဘ၀အတွက်
မင်းကိုယ်ကျိုးအတွက်
မင်းတဦးတည်းအကျိုးသက်သက်ပါ။
ကူညီသူတွေမှာ
ဘာအကျိုးရှိမှာလဲ
ဘာတိုးတက်မှုရှိမှာလဲ
ဘာခံစားခွင့်ရှိမှာလဲ
လွဲမှားခဲ့ရင်
မင်းမှာအကျိုးမများခဲ့ရင်
အမုန်းတရားပင်ရခဲ့အုံးမှာပါ။
ကူညီသူတွေမှာ
စေတနာ မေတ္တာ
သီးခံတရားတွေဟာ
မွေးရာပါချမ်းသာနေတာပါ။
မင်းမှာ
လူမှုရေးဝါသနာရှိလာတဲ့အခါ
မင်အတွက်ဘာမှအကျိုးမရှိတာသေချာပေမဲ့
လူသားတွေရဲ့အကျိုးအတွက်
မင်းအသက်ရှင်နေတဲ့နေ့ရက်
ပျော်စရာမနက်တွေဖြစ်နေမှာပါ။ ။


ထင်ကျော်(ဧရာဝတီ)

Friday, May 1, 2009

ဘ၀အတွေ့

တို့တွေအတူ
ဟိုလူဒီလူ
ကြည်ကြည်ဖြူဖြူ
ကူညီပေးခဲ့။
ဒီနေ့မနက်
ဝမ်းစာအတွက်
ဆန်တခွက်လောက်
လျှောက်ချေးတဲ့အခါ
မရှိလို့ပါတဲ့။ ။

ထင်ကျော်(ဧရာဝတီ)

ဘသအတွေ့

Tuesday, April 28, 2009

ဖျက်မရတဲ့သွေး

သွေးစသွေးစေး
သွေးစီးပေတရာ
သွေးစိမ်းဖြာဖြာနီရဲကာဖြင့်
သွေးဒဏ်ရာနှင့်လဲကျနေသူ
သွေးပွက်ပွက်ဆူကယ်ကူခွင့်မရ
သွေးချောင်းပေတရာ
သွေးပင်လယ်မှာ
သွေးစိမ်းပန်းကျ ဘက်နက်ရင်ဝ တဆုံးထိုးချ
သွေးနီမြေခ ဒေါင်းပျိုလဲကျ
သွေးအိုင်ထဲမှာတတက်နင်းအခါခါ
သွေးပင်လယ်မှာသသ်သွေးဆာတွေ
သွေးတွေသွေးတွေခွပ်ဒေါင်းသွေးတွေ
သွေးတွေသွေးတွေစစ်ဖိနပ်တွမှာ
ဘယ်လိုဆေးလို့ရနိုင်မလဲ။ ။

ထင်ကျော်(ဧရာဝတီ)

Thursday, March 5, 2009

ဧရာဝတီစာသင်ကျောင်း





အမေရိကန်နိုင်ငံသား lucas william henry စာသင်ပေးနေစဉ်

ဧရာဝတီစာသင်ကျောင်းတွင်အမေရိကန်နိုင်ငံသားlucas William Henry စာသင်ကြားနေစဉ်

အမေရိကန်နိုင်ငံသားမှစာသင်ကြးနေစဉ်

တံဆိပ်

လက်ပတ်များနှင့်ဒုက္ခသည်များ


Wednesday, March 4, 2009

လက်ပတ်များနှင့်အတူ

ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရန်UNHCR တံဆိမ်ပါလက်ပတ်များတပ်ဆင်ခံထားရသည့်ဗုဓ္ဒသားတော်များ

Tuesday, March 3, 2009

တံဆိပ်ကပ်ခံရသည့်နေ့

တံဆိပ်ကပ်ခံရသည့်နေ့

ဖိနှိပ်ရက်စက်
လူမဆန်ချက်များ
မတရားခံနေရ
ပြည်သူတွေဘဝ
ကြည့်ကြစမ်းပါ
ဘာသာစုံ
လူမျိုးစုံ
စုရုံးနေကြပုံက
ပျော်နေကြခြင်းမဟုတ်
တုတ်တကားကား
အော်သံအများအပြား
ကြားလား
စကားမများနဲ့
တည့်တည့်ထိုင်
မဆိုင်သူမကပ်နဲ့
မိန်းမနဲ့ယောက်ျား
ခွဲထားတာ
ဒီဘက်မလာနဲ့
ပြောတဲ့စကား
နားမလည်ဘူးလား
အော်လားငေါက်လား
အများအကြား
ခံစားနေရဘဝ
ဒီနေံကစ
တံဆိပ်ကပ်ခံရ
မိန်းမသားအနီရောင်လေးများ
ယောက်ကျားအဖြူရောင်များ
လက်ပတ်ကလေးများနဲ့ဘဝ
နိုင်ငံအတွင်းကထွက်ပြေးရ
တပါးနိုင်ငံထဲခိုးဝင်ရ
နိုင်ငံရေးအရ
လူမှုရေးအရ
စစ်ဘေူးအရ
စီးပွားရေးအရ
ဘ၀အခက်အခဲ
ဇာတိလဲစွန့်ရ
တရားခံကစစ်အစိုးရ
ကလေးကအစ
ဘိုးဘွားအဆုံး
လူဖြစ်ရှုံးရတဲ့ဘဝ
ကမ္ဘာတည်သမျှ
စစ်အစိုးရအာဏာရှင်ကို
ကမ္ဘာကြေလို့မရ။ ။



ထင်ကျော်(ဧရာဝတီ)

နှလုံးသွေးမှသံဓိဌာန်

နှလုံးသွေးမှသံဓိဌာန်
တို့နိုင်ငံရဲ့
ပေတရာနဲ့မြေလျွှာတွေရဲ့အပေါ်မှာ
စိမ်းလဲ့လဲ့မျက်ခင်းပြင်တွေရဲ့အပေါ်မှာ
အနာဂတ်ပျိုးခင်းမြေတွရဲ့အပေါ်မှာ
ကန်ရေ
ချောင်းရေ
မြစ်ရေပြင်တွေရဲ့အပေါ်မှာ
သွေးဆာနေတဲ့
စစ်ဘီလူးတွေရဲ့လက်ချက်နဲ့
အသက်မဲ့အလောင်းတွေ
ချောင်းစီးနေတဲ့
သွေးနီရဲရဲတွ
သွေးပွက်ဒဏ်ရာတွေနဲ့
လဲပျိုနေသူတွေ
ဘုရား
တံတား
နံရံများစွာမှာ
သွေးစအသားစ
သွေးစက်သွေးကွက်တွေ
မသေမရှင်
မီးလောင်တိုက်အသွင်းခံရလို့
သင်္ဂြုလ်စက်အတွင်းက
ခံပြင်းအံကြိတ်သံတွေ
နာကျည်းမာန်တင်း
စီးဆင်းနေတဲ့မျက်ရည်ပူတွေ
ဒါတွေကို
ဘယ်လိုမေ့မလဲ
ဘယ်လိုဖြေမလဲ
ဘယ်လိုခြေမလဲ
သွေးချောင်းပေါ်မှာနင်း
ခင်းထားတဲ့အလောင်းတွေပေါ်ကဖြတ်
ကမ္ဘာ့တနေရာရာမှာရပ်
ဖြတ်ခဲ့ခရီးလမ်းကိုမေ့
ကိုယ့်ဘ၀ကိုယ်ရှေ့ရှု
လွတ်လပ်မှုကိုအရယူ
ဘ၀တူတွေထက်သာ
ရနေတဲ့နေရာ
ရနေတဲ့အသပြာ
ဒါတွေဟာ
ဘယ်သူတွေစတေးခဲ့တာလဲ
ဘယ်သူတွေပေးခဲ့တာလဲ
ကိုယ်ကျိုးအတွက်သာသုံး
ဆွေမျိုးအတွက်သာသုံး
နိုင်ငံကိုစုန်းစုန်းမှမကြည့်
နာကျည်းချက်မရှိသလို
ဒီလိုလူတချို့ကို
မေးကြည့်ချင်လိုက်တာ
တာဝန်ကျေခဲ့ကြပြီလား
အားလုံး
ရှစ်လေးလုံးရဲ့
အဖြစ်အပျက်အားလုံးကို
မေ့လို့ရသလား
ဖြေလို့ရသလား
ခြေလို့ရသလား
လွန်ခဲ့တဲ့
၂၀နှစ်ရဲ့အဖြစ်အပျက်
ကျောင်းသားတွေရဲ့အသက်
သံဃာတွေရဲ့အသက်
တိုင်းရင်းသားတွေရဲ့အသက်
ပြည်သူတွေရဲ့အသက်
အနာဂတ်မနက်တွေကို
ရက်ရက်စက်စက်
ဖျက်ဆီးခြေမွခံခဲ့ရတဲ့ရက်
ကမ္ဘာမကြေ
ဥဒါန်းမကြေတဲ့ရက်
အဖေရေ
အမေရေ
သားရေ
သမီးရေ
နှလုံးသွေးကတမ်းတ
အာပါးတရလှိုက်အော်
အော်ခေါ်ချင်လိုက်တာ
ဘယ်သူလာထူးမလဲ
ဘယ်လိုပြန်ထူးမလဲ
ဘယ်နေရာမှာလဲ
ဘယ်တော့ပြန်တွေ့ရမှာလဲ
သေကွဲတွေလဲကွဲ
ရှင်ကွဲတွေလဲကွဲ
နိုင်ငံထဲမှာလဲမနေရ
ထောင်တွေထဲမှာဘဲနေရ
ဇာတိမြေနဲ့လဲဝေးရ
အသက်တွေဘ၀တွေ
အစိတ်စိတ်အမွှာမွှာခွဲခြေခံခဲ့ရတဲ့ဘဝ
ဒါတွေကို
မေ့လို့ရသလား
ဖြေလို့ရသလား
အသက်များစွာသေ
ဘ၀များစွာကြေ
အနာဂတ်ရက်တွေ
ကြေမွခဲ့ကြရ
အာဏာရှင်တို့ကရက်စက်
်လူစိတ်မဲ့သူတို့ရဲ့လက်ချက်
တို့ယုံကြည်ချက်
ငြိမ်သက်လို့ငုံ့မခံ
တော်လှန်ရေးခရီးဆက်
လက်တွေကိုခိုင်ခိုင်တွဲ
ပြည်သူတို့တိုက်ပွဲ
မဆုတ်တမ်းဆင်နွဲ
ဒီမိုကရေစီအောင်ပွဲအတွက်
အမျိုးဖျက်တွေကိုသုတ်သင်
အာဏာရှင်မှန်သမျှ
မျိုးစေ့ကမချန်
အမြစ်ပါမချန်ဖယ်ရှား
သွေးအသက်စတေး
တော်လှန်ရေးအာဇာနည်တွေအတွက်
အနာဂတ်လင်းလက်
တို့မျိုးဆက်တွေအတွက်
ရှစ်လေးလုံးရည်မှန်းချက်
ဒီမိုကရေစီအောင်ပွဲအတွက်
တို့အသက်မငဲ့အရယူမယ်
တို့လက်နဲ့အရယူမယ်၊ ၊


ထင်ကျော်(ဧရာဝတီ)

Monday, March 2, 2009

ထမင်းလက်ဆုံစကားဝိုင်း

ထမင်းမိတ်ဆုံစကားဝိုင်း
အဝေးရောက်ဧရာဝတီ(နို့ဖိုး)စာသင်ကျောင်းတွင်အမေရိကန် နိုင်ငံမှရောက်ရှိလာသည့်ဇနီးမောင်နှံနှစ်ဦးမှ ဧရာဝတီစာသင်ကျောင်းအားလာရောက်လေ့လာရန်ဖိတ်ခေါ်၍ မိတ်ဆုံ မြန်မာထမင်းဟင်းဖြင့် အတူစားသောက်ကြသည်။

မြန်မာထမင်းဟင်းအားအတူစားသောက်ပြီးစာသင်ကျောင်းအားလေ့လာ၍ စာပေသင်ကြားပေးလိုကြောင်းဆွေး နွေးပြောကြားသွားခဲ့သည်။

ထိုင်းမြန်မာနယ်စပ်ရှိမြန်မာနိုင်ငံသားများပညာရည်မြင့်မားစေရန်အဝေးရောက်ဧရာဝီအသင်းမှဆောင်ရွက် လျက် ရှိရာ ၀ါသနာပါသူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
နို့ဖိုးအသင်းခွဲ(ထိုင်းမြန်မာနယ်စပ်)

ဖြေရင်အောင်ရမည်ပြိုင်ရင်နိုင်ရမည်ဧရာဝတီ


ဲပြိုင်ပွဲဝင်ပြီဧရာဝတီ

နို့ဖိုးရှိ အဝေးရောက်ဧရာဝတီအသင်းအင်္ဂလိပ်စာသင်တန်းကျောင်းမှ ကျောင်းသူကျောင်းသား များ သည် ZOA မှ ဦးစီးပြုလုပ်သည့် Role play ပြိုင်ပွဲတွင် အဂ်လိပ်စကားပြောဇာတ်လမ်းဖြင့် ၀င်
ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ကျောင်းပေါင်း ၈ ကျောင်းမှ ကျောင်းသူကျောင်းသားများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပြိုင်ပွဲတွင်အဝေးရောက်ဧရာဝတီ(နို့ဖိုး) စာသင်ကျောင်းမှ ဒုတိယဆုရရှိခဲ့သည်။ ပထမဆုအား ZOA ကျောင်းမှရရှိခဲ့သည်။


နို့ဖိုးအသင်း(ထိုင်းမြန်မာနယ်စပ်)



Overseas Irrawaddy Association Spoken English class



အဝေးရောက်ဧရာတီအသင်း အင်္ဂလိပ်စကားပြောစာသင်ကျောင်းမြင်ကွင်း

အဝေးရောက်ဧရာဝတီအသင်း(နို့ဖိုး)စာသင်ကျောင်းမြင်ကွင်း

အဝေးရောက်ဧရာဝတီအသင်း(နို့ဖိုး)စာသင်ကျောင်း
စာသင်ကျောင်းကျောင်းသူကျောင်းသားများအင်္ဂလိပ်စာသင်ကြားလျက်ရှိရာ ၂.၃.၂၀၀၉နေ့တွင်ရေးဖြေစာ
မေး ပွဲစစ်ဆေးနေသည်ကိုတွေ့ ရှိရသည်။

စာသင်ကျောင်းတွင် ကျောင်းသူကျောင်းသား ၁၂၀ ယောက်ရှိပြီးဆရာ ၃ ဦးမှ တန်းခွဲ ၅ ခုဖြင့်သင်ကြားပေး လျက်ရှိပါသည်။

စာသင်ကြားနိုင်ရန် အဝေးရောက်ဧရာဝတီအသင်းဝင်များ၊အသင်းမိတ်ဆွေများ၊ ပြည်ပရောက် အသင်းဝင်များ၊ ပြည်ပရောက်အသင်းမိတ်ဆွေများမှ ထောက်ပံ့ကုညီပေးလျက်ရှိပါသည်။
စေတနာရှင်မည်သူမဆိုစာသင်ကြားမှုအတွက်ထောက်ပံ့ကူညီနိုင်ပါသည်။
နို့ဖိုးအသင်းခွဲ(ထိုင်းမြန်မာနယ်စပ်)



Saturday, February 28, 2009

ငြိမ်းချမ်းရေးအစစ်







ငြိမ်းချမ်းရေးအစစ်
အူဝဲအူဝဲ ရယ်နဲ့
ဝင့်ရဲတဲ့အသံပေး
လူသားလေးတစ်ယေက်
လောကအတွင်းရောက်ခဲ့ချိန်
အမေ့အိမ်ပီတိဖုံးအပြုံးဝင့်ဝင့်ထိန်
သည်အချိန်
စစ်မာန်ရှိန်အာဏာမက
ပြည်ဖျက်တဲ့လူ့ငနွားတွေက
လူသားဆိုလျှင်
အညွန့်ဖြတ်အသိခွေ
ဘ၀သေပညာမွဲ
လောကထဲဒူးထောက်
စစ်အာဏာရှင်အောက်
ကျွန်အဖြစ်ရောက်စေရေး
လမ်းစဉ်တွေရေးဆွဲကြ
ညီလာခံတွေကျင်းပ
ရွေးကောက်ပွဲတွေစီစဉ်ကြ
မရကြ
မမျှတ
လူ့အခွင့်အရေး
ရေးရေးမှမမြင်
ခွေးလောက်မှပင်မလွတ်လပ်
စနစ်ကြပ်ဒီခေတ်ဆိုး
တိုးခဲ့တဲ့အမေ့သားတွေအတွက်
လွတ်လပ်တဲ့ရက်
ဒီမနက်ဖြစ်စေချင်
ဟေ့
တရားမဲ့စစ်အာဏာရှင်
အမေ့မြေအပြင်ဘက်
ခုထွက်လို့ပေး
အမေ့မြေဒီကမ္ဘာလေး
ငြိမ်းချမ်းစေရေး


ထင်ကျော်(ဧရာဝတီ)



Thursday, February 26, 2009

စစ်ကျွန်ဘဝ

အဝေးရောက်ဧရာဝတီအသင်းမှထိုင်းမြန်မာနယ်စပ်တွင်
ထုဆစ်လှူဒါန်းကိုးကွယ်ထားသည့် ရုပ်ပွားတော်







စစ်ကျွန်ဘဝ


တောင်ကန်စွန်းရွက်ပြုတ်

ဆားနှင့်သုတ်


ထမင်းလုပ်အဖြစ်စားရသည်။ ။


ထင်ကျော်(ဧရာဝတီ)

လက်ကမ်းကြိုသည်ဧရာဝတီ

လက်ကမ်းကြိုသည်ဧရာဝတီ
တို့ရဲ့လက်တွေ ပြည်သူတွေအတွက်
တို့ရဲ့ဘ၀တွေတို့ မျိုးဆက်တွေအတွက်
တို့ရဲ့အသက်တွေ တို့တိုင်းပြည်အတွက်
ကိုယ်ကျိုးမဖက် လူသားတိုင်းအတွက်
လူမှုရေးသက်သက် ဆောင်ရွက်လိုလျှင်
သူ့ကို ကိုယ့်ကို မည်သူ့မဆို
လက်ကမ်းကြိုသည် ဧရာဝတီ

ထင်ကျော်(ဧရာဝတီ)

Tuesday, February 24, 2009

အဖေသို့တိုင်တည်ခြင်း

အဖေသို့တိုင်တည်ခြင်း
အဖေရေ
အဖေမွေးခဲ့တဲ့မြေကြီးပေါ်မှာ
သွေးနီရဲရဲတွေဖြာစီးနေပြီ--အဖေ
အဖေရေ
တိုင်းရင်းသားတွေအချင်းချင်း
စည်းလုံးချင်းကင်းအောင်
အာဏာကောင်တွေဖြိုခွဲနေပြီ--အဖေ
အဖေရေ
စစ်အာဏာကောင်တွေက
အတင်းအဓမ္မ
နိုင်ငံကိုသိမ်းပိုက်နေကြပြီ---အဖေ
အဖေရေ
အဖေတို့ယူခဲ့တဲ့လွတ်လပ်ရေး
စစ်ခွေးတွေသိမ်းပိုက်ယူလို့
ပြည်သူတွေတဖန်
စစ်ကျွန်ဖြစ်နေပြန်ပြီ--အဖေ
အဖေရေ
အဖေတို့သွေးအသက်တွေနဲ့
ကျွန်စနစ်ကိုဖျက်
လွတ်လပ်တဲ့ရက်ကို
အသက်ရင်းအရယူခဲ့ပေမဲ့
ပြည်ဖျက်တဲ့စစ်ရူးလူးဘီလူးတွေက
လက်နက်ပြအဓမ္မ
သိမ်းပိုက်ထားနေကြပြီ---အဖေ
အဖေရေ
အဖေတို့ယူခဲ့တဲ့လွတ်လပ်ရေး
စစ်ခွေးတွေသိမ်းပိုက်ယူ
ပြည်သူတွေဘဝ
ကျွန်ဖြစ်နေရလဲ
အဖေတို့စတေး
အဖေတို့ပေးခဲ့တဲ့အမွေ
ရအောင်ပြန်ယူပါ့မယ်--အဖေ။ ။


ထင်ကျော်(ဧရာဝတီ)

အဝေးရောက်ဧရာဝတီ

အဝေးရောက်ဧရာဝတီ
အဝေးရောက်ဧရာဝတီ
မြန်ပြည်သားတွေမွေး
လူမှုရေးဦးတည်သည်မနှေးကူညီပေး။
ဘာသာရေးကိုးကွယ်တာ
ယုံကြည်ရာလွတ်လပ်ခွင့်
လိုအပ်ချက်ကူညီမှာ
ဧရာဝတီအဆင်သင့်။
ကျန်းမာရေးအခက်တွေ့လျှင်
ဧရာဝတီပင်အကြောင်းကြားမနှေး
အချိန်နှင့်တပြေးညီအစဉ်
တူလက်ညီကူညီလို့ပေး။
မယ်တော်ဆေးခန်းနယ်စပ်ဆီ
ကုသသည်အခမဲ့ဖြင့်
သွေးလိုသမျှအစဉ်တာဝန်ယူသည်
ဧရာဝတီအစဉ်သဖြင့်။
ပညာရေးသင်ကြားရန်
ဖွင့်ထားအမှန်စာသင်ကျောင်း
ကျောင်းသုံးကျောင်းတည်ထောင်ပြန်
စေတနာမှန် တို့စုပေါင်းလေး။ ။


ထင်ကျော်(ဧရာဝတီ)

ကလောင်သမားအမှားမရေးနဲ့

ကလောင်သမားအမှားမရေးနဲ့
မီဒီယာများမုသားစကားပြောနေလို့
ဒင်းတို့ကစွပ်စွဲ
ရှက်လဲမရှက်ကြ
သနားစရာ့နအဖ
နောက်လိုက်ဘ၀တွေပါလား။
ဒီပဲယင်းမှာ
သေအောင်ပစ်သတ်ကြ
လူမိုက်ခ ၅၀၀၀
ငှားတဲ့အကောင်ကဥက္ကဌ
ခိုင်းသူက မယက
ညွန်သူကမပခ
မီဒီယာကများသလား။
ပုဒ်မများအမျိုးမျိုးဆင်
ကလိမ်ဆင်ထောင်ချ
ဥပဒေမဲ့ပြုသမျှ
ကမ္ဘာကသိအောင်ချပြ
မီဒီယာကမှားသလား။
ရွှေဝါရောင်များ
နွားများကဲ့သို့ဓါတ်တိုင်နဲ့တွဲ
ဆဲရေးတိုင်းထွာ
ရင်နာစရာတွေ
သံဃာတွေကထိုင်ကန်တော့ရတာ
မီဒီယာကမှားသလား။
အများဆန္နမဲပေးစဉ်က
ပြည်သူတွေဖွင့်ဟ
တဖက်သတ်အနိုင်ကျင့်သမျှ
အများသိအောင်ဖေါ်ပြ
မီဒီယာကမှားသလား။
ကိုသန်းရွှေသမီးဘဝ
ကိုယ်ဝန် ၅ လမှ
မဂ်လာဆောင်ခဲ့ရ
မီဒီယာကမှားသလား။
နိုင်ငံရေးအကျဉ်းသား
မရှိဘူးပြောထား
ထောင်တွေထဲမှာအမြောက်အများ
မီဒီယာကမှားသလား။
ပါးပါးလေးတွေ
ဖြေကြည့်စပ်းပါ
လိမ်တာညာတာအာဏာမြဲဘို့
ဒင်းတို့လုပ်ရပ်
ကလောင်သမားတွေဆုံးဖြတ်
လုပ်ဇာတ်တွေရပ်လိုက်တော့။ ။

ထင်ကျော်(ဧရာဝတီ)

Thursday, February 19, 2009

တရားခံဘယ်သူလဲ

တရားခံဘယ်သူလဲ
(အခန်း ၁ )
အဖေအမေသားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ပျာ်ရွှင်ရွှင်နေချင်ကြတာကဖြင့် လူသားတို့
၏ဆန္ဒဖြစ်သည်။ ဆွေမျိုးအသိုင်းအ၀န်းကြား၌ကြီးပြင်းပြီး ဇာတိမြေမှာမနေချင် သူမည်သူရှိပါမည်နည်း။ ဘ၀အခြေအနေ အမျိုးမျိုးကြောင့် ရေကြည်ရာမြက်နုရာ နေထိုင် နေကြရသော်လည်း မွေးရပ်မြေကိုမေ့သောသူသည် မည်သူမျှမရှိနိုင်ပေ။ တိုက်ဆိုင်မျှ ခံ စားမှု ဘ၀နောက်ဆုံးအချိန် အတမ်းအတဆုံးသည် အဖေအမေ မိသားစု မွေးရပ်ဇာတိ ကလွဲ၍ ဘာကိုများတမ်းတမိကြပါသလဲ။ ရင်ထေဲခံစားချက်ပြင်းထန်လေ ပို၍ပို၍တမ်း တကြရလေဖြစ်သည်။
မဲဆောက်မြို့ကလေးကဖြင့် မြန်မာပြည်၏ ဖိနှိပ်ရက်စက်မှုကြောင့် နည်းမျိုးစုံဖြင့် ထွက်လာရသော မြန်မာပြည်သားတို့အတွက် အသက်ရှင်ရပ်တည်ရာ နေရာလေးတစ်ခု ဖြစ်သည်။ စက်ရုံ အလုပ်ရုံ တောင်ယာ ဈေးရောင်း အလုပ်သမား စသဖြင့် ရုန်းကန်ရပ်တည် ရန်လုပ်ငန်းများရှိသော ဒေသဖြစ်ပေသည်။ အရွယ်မရောက်မှီနှင့် အရွယ်ရောက်ပြီး မိန်းမသားတို့ ဘ၀နှင့်ရင်း၍ ငွေရှာ၍ရသောနေရာ ဘ၀များစွာ ပျက်ရသောနေရာ အသက်ရှည်ဆေးအဖြစ် အသုံးချဖျက်ဆီးခံရသောနေရာ လဲဖြစ်ပေသည်။ ငွေကြေးရှိသူ ရာထူးရှိသူ ငွေရှာတတ်သူတို့၏ အပျော်စံမယား(သို့) လစဉ်ကြေးမယားအဖြစ်ရပ်တည်နေ ကြသော လူနည်းစု မိန်းမသားများလဲ ရှိနေပေသေးသည်။ အဓိကမှာ ရက်စက်ဖိနှိပ်နေ သော အာဏာရှင်အားတော်လှန်နေသည့် တော်လှန်ရေး အင်အားစုများ အင်အားအပြည့် ၀ဆုံးနေရာဖြစ်သည်။ မြန်မာပြည်၏ လူမှုရေး စီးပွားရေး နိမ့်ပါးမှုများကြောင့် ဆယ်ကျော် သက်အရွယ်လေးများမှာ ရရာအလုပ်လုပ်ကိုင်၍ ဘ၀ရပ်တည်နေပြရသည်။ စားစရာမဲ့ နေစရာမဲ့ ၀တ်စရာမဲ့အထိ နိမ့်ပါးလာသော မြန်မာပြည်၏ အောက်ခြေလူတန်းစားတို့ ဘ၀ကိုပီပြင်စွာတွေ့ရသော ရပ်ဝန်းလေးဖြစ်ပေသည်။
အမိနိုင်ငံ၏ အခြေအနေဆိုးကြောင့် တပါးနိုင်ငံသို့ ထွက်ပြေးခြင်း(သို့)တရားမ၀င် တပါးနိုင်ငံသို့ ၀င်ရောက်ကြရသဖြင့် တရားမ၀င်ခိုးဝင်သူများ(သို့)တရားမ၀င်အလုပ် သမားများဟု အမည်တပ်ခြင်းသည် ဥပဒေအရညီညွတ်ပါသည်။ တရားမ၀င်အလုပ်သမား များဖြစ်သဖြင့် မတရားဝင်ရောက်သူများဟု သတ်မှတ်ပြီး မတရားအနိုင်ကျင့်ခံကြ ရပြန်သည်။ သတ်မှတ်လုပ်အားခ၏ ထက်ဝက်မျှပင် မခံစားကြရပေ။ ပျှမ်းမျှလုပ်အားခ တစ်နေ့ ၆၀ ဘတ်နှင့်၇၀ဘတ် ကြားမျှသာရကြသည်မှာ မဲဆောက်ရှိ အလုပ်သမားတို့၏ အခြေအနေမှန်ဖြစ်ပေသည်။ စက်ရုံ အလုပ်ရုံ များတွင် နေထိုင်ရသော အလုပ်သမားတို့ ၏ ဘ၀မှာ ရေနံမြေအလုပ်သမားတို့ ဘ၀ထက်ပင် ဆိုးဝါးသေးသည်။
"ကျနော်တို့စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်ရှိတယ် နေရတာက အိမ်ထောင်ရှိ ရင် ၅တောင် ခန်းလေးရတယ် အိမ်ထောင်မရှိ မိန်းခလေးဆိုရင် မိန်းခလေးဆောင်မှာ နှစ်ထပ်ကုတင် နဲ့ အပေါ်အောက်နေရတယ် ယောက်ကျားလေးတွေလဲဒီလိုဘဲနေရတယ် အသက်ရှုမချောင်ဘူး အိပ်ချိန်ဘဲ အခန်းထဲဝင်ကြတယ်" ဟု ရှင်းပြပုံကို ကြားရုံနဲ့ ခံစားကြည့်လို့ရပါနိုင်ပေသည်။
ပန်းရံ လက်သမား အလုပ်သမား ကျဘမ်း လုပ်ကိုင်သူများသည် အခန်းငယ်များငှားရမ်း နေထိုင်ကြရသည်။ မဲဆောက်တွင်မြန်မာနိုင်ငံသား ၃ သိန်းကျော် ၀င်ရောက်နေထိုင်လျက်ရှိရာ မဲဆောက်၏နေရာဒေသတိုင်း၌ လယ်ကွင်းထဲမှ မြို့ပေါ်ဟို တယ်အထိ မြန်မာနိုင်ငံသားနများတွေ့ရှိရပေသည်။နေအိမ်လိုင်းခန်း၏ နေရာတိုင်းတွင် မြန်မာနိုင်ငံသားများ ရှိနေကြပေသည်။
"ကျမတို့မိသားစု ၄ယောက်ရှိတယ် အိမ်ကြီးတန်းလျားမှာနေတယ် အိမ်လခက တစ်လ ၂၄၀၀ စပေါ်က ၄၈၀၀ ပေးရတယ် ကျမတို့မိသားစုက အောက်ထပ်နောက် ခန်းမှာနေတယ် အောက်ထပ်ရှေ့ခန်းမှာ အခန်းဖွဲ့ပြီး လင်မယား ၃တွဲနေတယ် အပေါ်ထပ်ရှေ့ခန်းမှာ မိသားစု ၅ဦးက တစ်ခန်းနေတယ် နောက်ခန်းမှာ မိသားစု၃ ဦးနေ တယ် လှေကားနားမှာ လူလွတ်ယောက်ကျားလေး ၂ယောက်နေတယ် တအိမ်လုံး လူ ၂၀ နေတယ်လေ အိမ်သာရေချိုးခန်း တစ်ခုထဲရှိတော့ အခက်အခဲရှိတာပေါ့။ အားလုံးကဒုက္ခ ရောက်နေသူတွေဆိုတော့ဒီလိုဘဲနေရတာပေါ့ မြန်မာပြည်ထက်တော့သာပါတယ်" ဟု ရှင်းပြသော အမျိုးသမီး၏စကားမှာ လက်ရှိ မြန်မာပြည်၏ အခြေအနေအား ပြေးမြင်မိလိုက် သည်။
ကြပ်ညပ်အောင်နေရသည့်ဘ၀ကပင် မြန်မာပြည်ထက်သာပါတယ်ဟု ပြောလိုက် သောစကားသံသည် ရင်ကိုနင့်အောင်ခံစားရသည် ဤသည်ကမည်သူကြောင့်နည်း သူ့ ကြောင့် ကိုယ့်ကြောင့်မဟုတ်ပေ။ စနစ်၏ဆိုးညစ်ဒဏ်ကိုခံနေရခြင်းပင်ဖြစ်ပေသည်။
တပါးနိုင်ငံတွင် နေထိုင်ရသဖြင့် ကျီးလန့်စာစားပုံစံမျိုးဖြင့် နေထိုင်ကြရသည်။ မိန်းမသားတို့၏ ဘ၀ လုံခြုံမှုမှာ စိုးရိမ်ဖွယ် ကြောက်ရွံ့ဖွယ် ရင်ဆိုင်နေကြရသည်။ လုံခြုံမှုမှာ အမြဲသတိဖြင့်နေကြရသည် ဆိုသည်ကို ဘယ်သူတွေငြင်းကြမလဲ။ နေ့ဖြစ်စေ ညဖြစ်စေ သတိလွတ်၍မရ။ မိန်းခလေးများ လမ်းလျောက်သွားစဉ် လက်ဝတ်လက်စား ဆွဲကြိုး လက်ပတ်ကြိုး ငွေ တို့အား အလုခံ အနိုင်ကျင့်ခံ ရသည်မှာ နေ့စဉ်ကြားနေ ရင်ဆိုင် နေရသော အဖြစ်အပျက်များဖြစ်သည်။ကျနော်တို့နိုင်ငံသားများအတွက်။ ဥပဒေသည် အကူအညီခံရရုံမျှသာဖြစ်ပြီး အကာအကွယ်အဖြစ်မခံစားရပေ။
လူသားများတွင် မိမိဘ၀ အတိဒုက္ခရောက်လာသည့်အခါတွင် ကိုယ်ချင်းစာစိတ်ချစ် ခင်တန်ဘိုးထားစိတ်များ လျော့နည်းသွားကြသည်ကို လက်တွေ့ကျကျ သိမြင်ကြားသိ ခဲ့ရသည်။ ကီလို၃၅၌ နေသောတောင်ယာလုပ်သည့် မိန်းခလေးတဦး၊ အသက်က ၂၅နှစ်ခန့်၊ လစာ၅၀၀၀ဖြင့် အပျော်စံမယားငယ်အဖြစ် ရပ်တည်၍နေထိုင်သည်ကိုတွေ့ ခဲ့ရသည်။ သူပြောသိစကားသံလေးကိုဖြင့် ရင်နာနာဖြင့် နားစွင့်ပြီးနားထောင်ခဲ့မိသည်။
"မိတ်ကပ်နဲ့ရေမွှေး ကုန်နေတယ် ရှာာလာပေးအုံးနော် မယားငယ်ဆိုပြီး တို့တိတို့တိမပေးနဲ့ တခါတည်းများများစားစား ယူလာပေးထား မြန်မာပြည်သားတွေဆီက သိမ်းလာရင် အများကြီးဘဲ" တဲ့ သူဘာပြောလိုက်တာလဲ၊ မြန်မာပြည်သားတွေက တရားမ၀င်နေရတာ ဒါကိုအနိုင်ယူပြီး သူ့ဆီသိမ်းယူလာပေးဘို့ပြောခြင်းပါ။ ဖြစ်သင့်ပါ ရဲ့လား။ ဘသားချောက မြန်မာပြည်သား များအာားစစ်ဆေး၍ အလှကုန်ပစ္စည်းမှန်သမျှ တရားမ၀င်ဟု အနိုင်ကျင့်သိမ်းပြီး လစဉ်ကြေးမယားထံသို့ ပေးပါတော့မည်။ မိမိအတ္တအတွက် နိုင်ငံသားချင်းအပေါ် ရက်စက်ချင်းကိုတွေ့လိုက်ရသည့်အခါ အင်မတန်ရွံ ရှာမိခဲ့ပါသည်။ ဒါအပြင် စက်ရုံအလုပ်ရုံ နှင့် နေရာတိုင်းတွင် ဘာသာစကားတတ် သူအချို့မှာ နိုင်ငံသားအချင်းချင်းအပေါ် ဖိနှိပ်အနိုင်ကျင့် နေသည်ကဖြင့် မကြားချင် မမြင်ချင် အဆုံးပေ။ အာဏာရှိသူတို့၏ အခိုင်းခံ အဖြစ်လုပ်စားနေသည်ကိုလည်း တွေ့ရသည်။ ဒေသအခေါ်ကဖြင့် ခွေးလုပ်စားနေသူများစွာ ရှိနေပေသည်။
ဘ၀အတွက်နာရုံမျှသာမက ဘ၀ကိုပါ အဓ္ခမအသိမ်းခံနေရသည်ကိုဖြင့် ဘယ်လို ကယ်ကြမလဲ။ ဘယ်လိုကူကြမလဲ။ ကယ်သူမဲ့ဘ၀ဖြင့် ခရီးဆက်နေရလျှင် ရင်နာစရာတွေပိုပို၍ တွေ့နေရင်ဆိုင်နေရပေအုံးမည်။
မှတ်မိနေသေးတဲ့ ၂၀၀၅ ခုနှစ် မေလ ၂၁ ရက် ။ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါ။ စက်ရုံအလုပ်သမားတစ်ဦး လူမှုရေးရုံး ကို ရောက်လာခဲ့ပါပြီ၊ အချိန်က ည ၈ နာရီ ခန့်၊ မိန်းခလေးတစ်ယောက်ဘ၀ ကယ်တင်ပေးဘို့အတွက် အကုအညီတောင်းခံခြင်းပင်။
"စားသောက်ဆိုင်မှာ မိန်းခလေးတစ်ယောက် ရောင်းစားခံထားရတယ် မနက် ၁၀ နာရီ လောက်က အလုပ်လုပ်ဘို့ဆိုပြီး အမျိုးသမီးတစ်ယောက်က ပို့သွားတာ ဆိုင်ရှင်က စားသောက်ဆိုင် အတွင်းခန်းမှာ နေခိုင်းတယ် အပြင်မထွက်ရဘူး အတွင်းခန်းမှာလာစား သောက်တဲ့သူတွေကို ဧည့်ခံရတယ် ဆိုင်ရှင်ကပြောတယ်တဲ့ လာပို့တဲ့သူဆီက ၅၀၀၀နဲ့ ၀ယ်လိုက်တာ ခိုင်းတာလုပ်ရမယ် ဒီအခန်းမှာ လာတဲ့သူကို ဧည့်ခံ သူတို့ဆန္ဒရှိရင် ဖျော်ဖြေ ပေးရမယ် နေရာက လမ်းဟိုဘက်မှာ အခန်းတွေရှိတယ် ပြီးရင်ဒီပြန်လာ ဒီနေ့တော့နား မနက်ဖြန်ကစပြီး အခန်းဝင်ရမယ် တခြားသိခြင်ရင် နင့်အဖေါ်ကိုမေးထား ထွက်ပြေးဘို့ မစဉ်းနဲ့ အသက်တော့ရှင်မှာမဟုတ်ဘူးတဲ့ သမီးကြောက်တယ် သမီးမရှိရင်တောင်းစား ရဲပါတယ် ဒီအလုပ်မလုပ်ပါရစေနဲ့ သမီးဘ၀ပျက်ရတော့မယ် မြန်မာပြည်သားအချင်းချင်း ကယ်ကြပါနော် ဆိုင်က ညနေ ၆ နာရီ ဖွင့်တာတဲ့ မနက်ဖြန် ညဆိုတာ သမိးဒီမှာ မရှိပါရ စေနဲ့ တဲ့"
"ခုမိန်းခလေးအဖေါ် တစ်ယောက်နဲ့နေတယ် ဖုန်းနံပါတ်ပေးလိုက်ပါတယ်။ အဲဒါလာအကူအညီတောင်းတာပါတဲ့။ နှလုံးသားမှာ ခံနိုင်ရည်မရှိတော့၊ တို့နိုင်ငံသားတွေ ဒီလို ဘ၀တွေ ပျက်နေရတာ တို့ ညံ့လို့ ကွ ဟု နာကျည်းစွာအော်ဟစ်မိခဲ့သည်။
ချက်ချင်း ဖုန်းခေါ်လိုက်ရာ "အဖွဲ့အစည်းကလား" ဟုတ်တယ်လို့ပြောလိုက်တော့ အသံတိုးတိုးဖြင့် ခဏနေမှပြန်ခေါ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတော့ ဘာလုပ်ရမှန်းမသိ၊ ၁၅ မီးနစ်ခန့် အကြာ ဖုန်းပြန်လာရာ စားသောက်ဆိုင်ကပါ ဟု အသံတိုးတိုးကြားရသည်။
"သမီးကျိုက်ထိုကပါ အသက်၁၄နှစ်ကျော်ပါပြီ အခုစားသောက်ဆိုင်တစ်ခုမှာ ရောင်းစားခံထားရပါတယ် အခန်းအပြင်ပေးမထွက်ဘူးအတွင်းခန်းမှာနေရတယ် မနက်ဖြန်ကစပြီး ယောက်ကျားတွေ ကို ဖြေဖျော်ရမယ်တဲ့ သမီးအရမ်းရှက် အရမ်းကြောက် တယ် ဘယ်ပြေးရမှန်းလဲမသိဘူး သမီးကိုကယ်ပါ အဖျက်ဆီးခံရတော့မှာ သိနေတဲ့ သမီးဘ၀ကို စာနာပေးကြပါမနက်ဖြန်သမီး ဒီမှာမရှိပါရစေ" ဖုန်းပြတ်သွားခဲ့သည် ။
တစ်ယောက်ယောက်ဝင်လာ၍ ဖုန်းပြတ်ခြင်းဖြစ်နိုင်သည် ။သို့သော်ဖုန်းပြန်မလာ တော့။ ဘယ်သူကြောင့်လဲ ၊ဘယ်သူတရားခံလဲ၊ ဘာလုပ်မလဲ ရုံးမှာဆုံးဖြတ်ချက် ချလိုက် တာက ရအောင်ကယ်မယ်။

ဆက်လက်ဖေါ်ပြပါမည်။

ထင်ကျော်(ဧရာဝတီ)