မွေးနေ့ဆုတောင်း
ပြည်သူ့နှလုံးသားအစစ်
တော်လှန်ရေးခေတ်မှာမွေး
အဖေ့သွေး
အမေ့သွေး
အဖိုးတို့ရဲ့ဇာတိသွေး အပြည့်ပါ
နီထက်ရှရဲရင့်တာ
သမိုင်းမှာစံပြုထား
သည်ထက်မကလဲစွန့်တာ
နိုင်ငံအပေါ်သူ့စိတ်ထား
လင်နဲ့သား သူခွဲခွာ
သူ့ခန္ဒာ သူ့အသက်
တချက်မျှမငဲ့ကွက်
အာဏာရှင်ရက်ချူပ်ငြိမ်းစေရန်
စစ်ကျွန်စနစ်ဇာတ်သိမ်းစေရန်
ငြိမ်းချမ်းရေးရဲ့စေတမန်
ငြိမ်းငြိမ်းချမ်းချမ်းတော်လှန်
မျှော်ဉာဏ်ပြည့်ဝတည်ကြည်
အော်…..ဒေါ်အောင်ဆန်းကြည်။
မျှော်ဉာဏ်မဲ့မိစ္ဆာတသိုက်
လူ့စရိုက် လူ့ကျင့်စဉ်
လူလိုပင်မဆင်ခြင်ကြ
အတိတ်ကစရိုက်ဆိုး
အတုခိုးအမျိုးဖျက်
လူထုအတွက်
နိုင်ငံအတွက်
ဦးဆောင်သူတွေအသက်
တော်လှန်သူတွေအသက်
ရက်ရက်စက်စက်
လုပ်ကြံသတ်ဖြတ်နေတဲ့အချက်
အာဏာရမ္မက်
ကိုယ့်အကျိုးသက်သက်သာ
နိုင်ငံအပေါ်မှာသစ္စာမဲ့
လူသားတွေအပေါ်ရက်စက်
ဥပဒေမဲ့တဲ့
အာဏာရှင်တွေလက်နက်
ဗိုလ်ချူပ်အောင်ဆန်းအသက်
အာဇာနည်တွေအသက်
လုပ်ကြံခံခဲ့ရတဲ့ရက်
ပြည်သူတွေအတွက်အလင်းမဲ့
နိုင်ငံအတွက်အမှောင်ဖုံးတဲ့ရက်
ဒီလိုရက်
ဖန်တီးနေလျက်စစ်အာဏာရှင်
သခင်အောင်ဆန်းသမီးအသက်
နည်းမျိုးစုံဖြင့်လုပ်ကြံလျက်
အာဏာရှင်စစ်မိစ္ဆာတို့ယုတ်မာချက်။
ရုန်းထွက်ကြ
စစ်ကျွန်ဘဝ
ဖိနှိပ်ခံဘဝ
အလင်းမဲ့ဘဝမှိန်
ငြိမ်သက်လို့မနေ
မိမိအခွင့်အရေးတွေ
လူ့အခွင့်အရေးတွေ
မတရားမှုတွေအတွက်
ငြိမ်ခံနေတဲ့နေ့ရက်တွေကိုဖျက်
ပြည်သူတွေရဲ့ရင်ထက်မှာ
မတရားတာကို
မတရားတာလို့
ပြောရဲလာအောင်
အာဏာထောင်အမှောင်တွေအောက်
အကြောက်တရားကိုနင်း
ကြောက်ရွံ့ခြင်းမှကင်းဝေးအောင်
ဦးဆောင်ပေးသူဖြစ်
လူထုရဲ့ခေါင်းဆောင်အစစ်။
အာဏာရှင်စနစ်ကိုတော်လှန်
မြဲမှန်ကန်ရဲရင့်
ငြိမ်းချမ်းရေးနှင့် သူမစိတ်
ဒီမိုကရေစီအရိပ်အတွက်
ဘာကိုမှထဲ့မတွက်
အသက်ကိုပင်ရန်ရှာ
သိက္ခာကိုပင်ချချ
ဘဝကိုပင်ဖျက်ဖျက်
နေအိမ်ထဲပင်ပိတ်ပိတ်
ထောင်ထဲမှာပင်ချူပ်ချူပ်
လုပ်ကြံလို့ပင်သေသေ
ပြုံးနေတဲ့မျက်နှာ
ချိုသာနေတဲ့စကား
မာန်မာနတရားကင်းကင်း
တင်းတင်းမာစကားသံမပြော
ခွင့်လွှတ်ခြင်းမနောာအပြည့်
သည်းခံခြင်းသဘောအပြည့်
မြင်တွေ့နေရပြည်သူ
ဒုက္ခအတူမျှခံစား
ဘယ်သူ့မှအမုန်းမပွား
ကမ္ကာာတလွှား
လူ့အခွင့်အရေးသမားလို့
စွမ်းအားကြီးမားလွန်းသူ
မေတ္တာတရားကြီးမားလွန်းသူ
ပြည်သူတွေအတွက်
ဒီမိုကရေစီအတွက်
ထက်မြကမ်နက်ရှိုင်းတဲ့
တော်လှန်ရေးတံတိုင်းအား
လူထုရဲ့နှလုံးသားစစ်စစ်ပါ။
ရိုင်းစိုင်းစွာအုပ်ချူပ်
ရက်စက်တုပ်ပိတ်လှောင်
ထောင်အတွင်းထဲ့သွင်း
ဒီပဲယင်းအသေလုပ်ကြံ
မသေပြန်အကျယ်ချူပ်
မဟုတ်မတရားဥပဒေ
မသေမချင်းညှင်းပမ်းနေ
ဖိနှိပ်ခြင်းဖြင့်အသေသတ်
လုပ်ဇာတ်ဆင်ကလိမ်ဉာဏ်
အဖန်ဖန်ခံနေရ
အင်းစိန်ထောင်အတွင်းအဓမ္မအကျဉ်းချ
တို့လူထုခေါင်းဆောင်ဘဝ။
ယနေ့
၁၉ ရက် ဇွန်လ
ငြိမ်းအေးမြလပြည့်ဝင်း
မာန်မာနကင်း
ဒေါသမြူဆင်းမျှမရှိ
ဒီမိုတိုက်ပွဲအတွင်းက
လူထုခေါင်းဆောင်ဘဝ
မွေးနေ့အခါသမယ
ပြည်သူတွေ
ကမ္ကာာသူ ကမ္ကာာသားတွေမှ
နှလုံးသွေးအတွင်းရှိဆန္ဒ
မေတ္တာမျှတောင်းဆုချွေသည်
ဒေါ်အောင်ဆန်းစုကြည်
ချူပ်နှောင်ခြင်းမှကင်းပ
လူထုဆန္ဒပြည့်ဝ
ငြိမ်းအေးမြအပြိုင်
ဒီမိုကရေစီပန်းတိုင်
လှမ်းကိုင်လို့အတူပျော်
သက်တော်ရာကျော်ရှည်စေသောဝ်။ ။
ထင်ကျော်(ဧရာဝတီ)
(၆၆နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း၁၆.၆.၂၀၁၁
Thursday, June 16, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment