Tuesday, February 24, 2009

ကလောင်သမားအမှားမရေးနဲ့

ကလောင်သမားအမှားမရေးနဲ့
မီဒီယာများမုသားစကားပြောနေလို့
ဒင်းတို့ကစွပ်စွဲ
ရှက်လဲမရှက်ကြ
သနားစရာ့နအဖ
နောက်လိုက်ဘ၀တွေပါလား။
ဒီပဲယင်းမှာ
သေအောင်ပစ်သတ်ကြ
လူမိုက်ခ ၅၀၀၀
ငှားတဲ့အကောင်ကဥက္ကဌ
ခိုင်းသူက မယက
ညွန်သူကမပခ
မီဒီယာကများသလား။
ပုဒ်မများအမျိုးမျိုးဆင်
ကလိမ်ဆင်ထောင်ချ
ဥပဒေမဲ့ပြုသမျှ
ကမ္ဘာကသိအောင်ချပြ
မီဒီယာကမှားသလား။
ရွှေဝါရောင်များ
နွားများကဲ့သို့ဓါတ်တိုင်နဲ့တွဲ
ဆဲရေးတိုင်းထွာ
ရင်နာစရာတွေ
သံဃာတွေကထိုင်ကန်တော့ရတာ
မီဒီယာကမှားသလား။
အများဆန္နမဲပေးစဉ်က
ပြည်သူတွေဖွင့်ဟ
တဖက်သတ်အနိုင်ကျင့်သမျှ
အများသိအောင်ဖေါ်ပြ
မီဒီယာကမှားသလား။
ကိုသန်းရွှေသမီးဘဝ
ကိုယ်ဝန် ၅ လမှ
မဂ်လာဆောင်ခဲ့ရ
မီဒီယာကမှားသလား။
နိုင်ငံရေးအကျဉ်းသား
မရှိဘူးပြောထား
ထောင်တွေထဲမှာအမြောက်အများ
မီဒီယာကမှားသလား။
ပါးပါးလေးတွေ
ဖြေကြည့်စပ်းပါ
လိမ်တာညာတာအာဏာမြဲဘို့
ဒင်းတို့လုပ်ရပ်
ကလောင်သမားတွေဆုံးဖြတ်
လုပ်ဇာတ်တွေရပ်လိုက်တော့။ ။

ထင်ကျော်(ဧရာဝတီ)

No comments: