Tuesday, February 24, 2009

အဖေသို့တိုင်တည်ခြင်း

အဖေသို့တိုင်တည်ခြင်း
အဖေရေ
အဖေမွေးခဲ့တဲ့မြေကြီးပေါ်မှာ
သွေးနီရဲရဲတွေဖြာစီးနေပြီ--အဖေ
အဖေရေ
တိုင်းရင်းသားတွေအချင်းချင်း
စည်းလုံးချင်းကင်းအောင်
အာဏာကောင်တွေဖြိုခွဲနေပြီ--အဖေ
အဖေရေ
စစ်အာဏာကောင်တွေက
အတင်းအဓမ္မ
နိုင်ငံကိုသိမ်းပိုက်နေကြပြီ---အဖေ
အဖေရေ
အဖေတို့ယူခဲ့တဲ့လွတ်လပ်ရေး
စစ်ခွေးတွေသိမ်းပိုက်ယူလို့
ပြည်သူတွေတဖန်
စစ်ကျွန်ဖြစ်နေပြန်ပြီ--အဖေ
အဖေရေ
အဖေတို့သွေးအသက်တွေနဲ့
ကျွန်စနစ်ကိုဖျက်
လွတ်လပ်တဲ့ရက်ကို
အသက်ရင်းအရယူခဲ့ပေမဲ့
ပြည်ဖျက်တဲ့စစ်ရူးလူးဘီလူးတွေက
လက်နက်ပြအဓမ္မ
သိမ်းပိုက်ထားနေကြပြီ---အဖေ
အဖေရေ
အဖေတို့ယူခဲ့တဲ့လွတ်လပ်ရေး
စစ်ခွေးတွေသိမ်းပိုက်ယူ
ပြည်သူတွေဘဝ
ကျွန်ဖြစ်နေရလဲ
အဖေတို့စတေး
အဖေတို့ပေးခဲ့တဲ့အမွေ
ရအောင်ပြန်ယူပါ့မယ်--အဖေ။ ။


ထင်ကျော်(ဧရာဝတီ)

No comments: